ဆရာတော် ဦးရေ၀တ (အမရ၀တီ ကြယ်တစ်ပွင့်)၏ တရားတော်မှ မှတ်သားဖွယ် လင်္ကာ
တဲကုပ်ထဲမှာ နေရပေမယ့်တရားသိလျှင် ရင်အေးတယ်။
ရွှေဘုံပေါ်မှာ စံရပေမယ့်
တရားမသိလျှင် ရင်လေးတယ်။
နေရေး၊ သေရေး အစဉ်တွေးလို့
ရင်အေးအောင် ကြံကြစေလိုတယ်။
မြင်ရာမှာ ငါမလုပ်နဲ့
နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှုရမယ်။
ကြားရာမှာ ငါမလုပ်နဲ့
နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှုရမယ်။
နံရာမှာ ငါမလုပ်နဲ့
နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှုရမယ်။
စားရာမှာ ငါမလုပ်နဲ့
နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှုရမယ်။
ထိရာမှာ ငါမလုပ်နဲ့
နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှုရမယ်။
တွေးရာမှာ ငါမလုပ်နဲ့
နာမ်နဲ့ရုပ် ဖြစ်ချုပ်ရှုရမယ်။
အဲဒါမှ
ဗုဒ္ဓဘာသာ ပီသပါပေတယ်။
လေးစားစွာဖြင့်
ဖိုးသား !

No comments:
Post a Comment